Warning: session_start(): Cannot start session when headers already sent in /home/keplogistics/public_html/index.php on line 3
About Kep Logistics | KEP Logistics Co., Ltd. (Myanmar)
WANT A TRANSPORT ?
CALL US NOW

Chairman's Message

ကုမ္ပဏီဥက္ကဌ၏ နှုတ်ခွန်းဆက်နှင့် ဥယျော်ဇဥ်

ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ၊ အများပိုင်ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာရှင်များအားလုံး ကိုယ်၊ စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း ရှေးဦးစွာ မေတ္တာပို့သနှုတ်ခွန်းဆက်အပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၌ တိုင်းရင်းသားလူမျိုး၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းခဲ့ပြီးနောက် နိုင်ငံတော်အနေဖြင့် ဒေသတွင်း တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသားလူမျိုးလုပ်ငန်းရှင်များ၏ အသင်းများ၊ ဒေသခံတိုင်းရင်းသားလူမျိုးလုပ်ငန်းရှင်များ၏ အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရန် အားပေးခဲ့ပါသည်။

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (Kachin Ethnic Entrepreneurs' Association) ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် လိုင်စင်အမှတ် ၂၀၂/ ၂၀၁၈-၂၀၁၉ (အသင်း) ဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ စည်းရုံးအားပေးမှုဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)အရ အစုရှယ်ယာရှင်(၄၂၀) ဦး ပါဝင်သော ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ၊ အများပိုင်ကုမ္ပဏီကို ကုမ္ပဏီမှတ်ပုံတင်အမှတ် (၁၁၉၉၂၈၄၈၉) ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ကုမ္ပဏီ လုပ်ထုံးလုပ်နည်းများနှင့်အညီ အစုရှယ်ယာရှင်များက ဒါရိုက်တာများကို ရွေးချယ်တာဝန်ပေးခဲ့ပြီး မိမိအနေဖြင့် ကုမ္ပဏီဥက္ကဌ အနေဖြင့် တာဝန်ယူပေးခဲ့ပါသည်။

မိမိအနေဖြင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီလုပ်ငန်းများကို လုပ်ကိုင်ဖူးသော်လည်း အများနှင့်သက်ဆိုင်သေားကုမ္ပဏီလုပ်ငန်းများမှာ အတွေ့အကြုံမရှိပါ။ သို့ရာတွင် ကချင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများ ပိုမိုထွက်ပေါ်လာစေရန်၊ နောင်လာနောက်သားများအနေဖြင့် အများနှင့်စုပေါင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်သွားတက်စေရန် ရည်ရွယ်သည့် စိတ်ဓာတ်အခံကြောင့် ကျွမ်းကျင်ပြီးသားလုပ်ငန်းမဟုတ်သော်လည်း ကြိုပမ်းဆောင်ရွက်လိုစိတ်ဖြင့် တာဝန်ကို လက်ခံလုပ်ကိုင်ပေးခဲ့ပါသည်။ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ အမြင်ကျယ်လာရန်အတွက် ကချင်ပြည်နယ်၏ ပထမဦးဆုံးကျင်းပ ပြုလုပ်သော စီးပွားရေးနှီးနှောဖလှယ်ပွဲကြီးကိုလည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက် နေ့များတွင် မြစ်ကြီးနားမြို့ ၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးခဲ့ပြီးဖြစ်ပါသည်။

အစီရင်ခံကာလအတွင်း ကုမ္ပဏီအနေဖြင့် လုပ်ငန်းစတင်လုပ်ကိုင်ရာ၌ အတွေ့အကြုံ၊ အတက်ပညာပိုင်းအားနည်းခြင်း၊ နိုင်ငံနှင့်အဝှမ်းဖြစ်ပေါ်ခဲ့သော ကပ်ဘေးရောဂါနှင့် လုံခြုံရေးအခြေအနေတို့ကြောင့် အခက်အခဲမျိုးစုံ တွေ့ကြုံခဲ့ရပါသည်။ သို့ရာတွင် မိမိအပါအဝင် ဒါရိုက်တာအားလုံးက စည်းလုံးညီညွှတ်စွာဖြင့် ကိုယ်ကျိုးမဖက်လစာရိက္ခာ လုံးဝခံစားမှုမရှိဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့၍ ထိုက်သင့်သေားအောင်မြင်မှုများ ရရှိခဲ့ခြင်းကို အစီရင်ခံစာအရလည်းကောင်း၊ မျက်မြင်အရလည်းကောင်း သိရှိကြရမည်ဖြစ်ကြောင်း၊ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ကုမ္ပဏီ၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ ပန်းတိုင်ရောက်ရှိသည်အထိ စည်းလုံးညီညွှတ်စွာ ဆက်လက် ချီတက်ကြပါစို့ဟု တိုက်တွန်းလျက် နိဂုံးချုပ်အပ်ပါသည်။

ဦးလဖိုင်ခွန်ဆာ
ဥက္ကဌ

About KEP Logistics

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုး၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းခဲ့ပြီးနောက် ဒေသတွင်း တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသားလူမျိုး လုပ်ငန်းရှင်အသင်းများ၊ ဒေသခံတိုင်းရင်းသားလူမျိုး အများနှင့်သက် ဆိုင်သော ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စတင်ခဲ့ကြပါသည်။

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (Kachin Ethnic Entrepreneurs’ Association) ကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံပြည်သူများအတွက် အလုပ်/အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးရန်၊ ဒေသထွက်ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရန်၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် “KEP Logistics Co.,Ltd.” ကို ၂၀၂၀ခုနှစ် ဝိုင်းမော်မြို့နယ်၊ မဒိန်အုပ်စု၊ လဘန် တန်ဘောင်ကျေးရွာ တွင် စတင်တည်ထောင်ခဲ့ပါသည်။

ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုမြန်ဆန်လွယ်ကူစေရန် ကန်ပိုက်တီမြို့နှင့် မန္တလေးမြို့တို့တွင်လည်း ရုံးခွဲ များကိုလည်း ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုအကြောင်းသိရှိနိုင်ရန် နီးစပ်ရာ ရုံးချုပ်/ရုံးခွဲများသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ KEP Logistics Co.,Ltd. ကုမ္ပဏီသည် ပြည်ထောင်စုမြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MIFFA) နှင့် ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း (KSFFA) ၏ အသင်းဝင် လည်းဖြစ်ပါသည်။

လက်ရှိတွင် (မြစ်ကြီးနား/ဝိုင်းမော်/ကန်ပိုက်တီ) နှင့် (မြစ်ကြီးနား/ရွှေဘို/စစ်ကိုင်း/မန္တလေး/ရန်ကုန်) ကုန်သွယ်ရေးလမ်းကြောင်းပေါ်အတွင်းရှိ နယ်စပ်ဒေသသို့ ဒေသထွက်သီးနှံများတင်ပို့ခြင်း၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးနှင့် အိမ်ဆောက်ပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် လယ်ယာသုံးပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်းတို့ကို ကုမ္ပဏီပိုင် (၂၂)ဘီးတွဲကားများဖြင့် ဝန်ဆောင်မှု ပေးနေပါသည်။